အိမ်၊ခြံ၊မြေများစွာကို
ရှာဖွေလိုက်ပါ

အိမ်ခြံမြေအမျိုးအစားများကို လေ့လာပြီး သင့်အတွက် အကောင်းဆုံးပိုင်ဆိုင်မှုကို ရှာဖွေနိုင်ပါပြီ။

အိမ်ရာများ

Residential ဆိုသည်မှာ နေထိုင်ရန်အတွက် ဆောက်လုပ်ထားသောအိမ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ Redidential အမျိုးအစားအိမ်များတွင် Condo, Single House , Town House , Attached House နှင့် အခြားလူနေအိမ်များပါဝင်ပါတယ်။ Residential အိမ်အမျိုးအစားက စီးပွားရေးလုပ်ရန် (သို့) စက်မှုလုပ်ငန်းများလုပ်ရန်အတွက် မဟုတ်ပါ။ ထို့ကြောင့် တစ်ယောက်တည်းနေထိုင်ချင်တာဖြစ်ဖြစ်၊ မိသားစုနဲ့အတူနေထိုင်ချင်တာဖြစ်ဖြစ် Residential အိမ်အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်။

Investments

ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အထူးသင့်တော်တဲ့ အိမ်အမျိုးအစားတွေဖြစ်ပြီးတော့ Condo , Commercial Properties , Singel House , Town House နဲ့ Attached Houese တွေ ပါဝင်ပါတယ်။ ၎င်းအိမ်ခြံမြေအမျိုးအစားများကို ဝယ်ယူပြီး ငှားရမ်းခြင်း (သို့) ပြန်လည်ရောင်းချခြင်းမှတဆင့် အကျိုးအမြတ်များရရှိစေနိုင်ပါတယ်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှ ရရှိနိုင်တဲ့ အကျိုးအမြတ်တွေက ကိုယ်ရွေးချယ်ထားတဲ့ Project Brand , Location နဲ့ စျေးနှုန်း အစရှိတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်။ မှန်ကန်တဲ့ Project တွေကိုရွေးချယ်ခြင်းအားဖြင့် ပြန်လည်ရရှိနိုင်တဲ့အကျိုးအမြတ်တွေက ကွာခြားမှုရှိနိုင်တဲ့အတွက် သေချာစိစစ်ပြီးမှ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

avenue5_residential_covermoney-2696219_1280 (1)

စီးပွားရေးဆိုင်ရာ အိမ်ခြံမြေများ

Commercial Properties အမျိုးအစားကတော့ လူနေထိုင်ရန်မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ အသုံးပြုရန်အတွက် သီးသန့်ဆောက်လုပ်ထားတဲ့ နေရာများဖြစ်ပါတယ်။ ၎င်းတို့ကို များသောအားဖြင့် စီးပွားရေးအဆောက်အအုံများတွင်တွေ့ရှိနိုင်ပြီး လက်လီဆိုင်များ၊ ရုံးခန်းများ၊ အစားအသောက်ဆိုင်များနှင့် အခြားဝန်ဆောင်မှုအခြေပြုစီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုလေ့ရှိပါတယ်။

သင့်စိတ်ကူးထဲက နေရာတစ်ခုကို ရှာဖွေလိုက်ပါ

သင့်ရဲ့စိတ်ကူးအိပ်မက်ထဲကအိမ်လေးကို ရှာဖွေပြီး ရွေးချယ်လိုက်ပါ။ သက်သောင့်သက်သာရှိသောကွန်ဒိုများ၊ ကျယ်ဝန်းသောအိမ်များ၊ ရင်းနှီးမြှုပ်နှံဖို့အတွက် အသင့်တော်ဆုံး အိမ်ခြံမြေများကို ရှာဖွေနေတယ်ဆိုရင်တော့ Sky Inno Hub မှာ ရွေးချယ်စရာများစွာရှိပါတယ်။ သင့်လူနေမှုဘဝနှင့်လိုက်ဖက်ပြီး ဈေးနှုန်းသင့်တော်တဲ့ အိမ်ခြံမြေများကို Sky Inno Hub တွင် အခုပဲရှာဖွေလိုက်ပါ။